ဒီအဝတ်အစား၊ ဒီဆံပင်ချည်း နေ့တိုင်းမြင်နေရရင် သင့်ပုံစံဟာ ပျင်းစရာ ကောင်းလာမှာပါ။ အဲဒီအချိန်မှာ တခြားတစ်ယောက်က နည်းနည်း တောက်တောက်ပပ ဝတ်စားလာရင် ကောင်မလေးတွေအားလုံးက သူ့ကိုပဲအရေးပေးမှာပေါ့။ အဲလိုကြုံရလို့ မခံချိမခံသာ ဖြစ်ဖူးပါသလား။
ယောက်ျားတေမှာ မနက်ပိုင်း မှန်ရှေ့မှာ ဖြုန်းနေဖို့ အချိန် မရှိပါဘူး။ ဒါပေမယ့် ငွေကြေးနဲ့ အချိန် သိပ်မကုန်ပဲ သင့်ရဲ့ ပုံစံကို ပို စတိုင်ကျသွားစေမယ့် နည်းလမ်းလေးတွေ ရှိတယ်ဆိုရင် သင်လိုက်လုပ်မှာပါလား?? ဒီအောက်မှာတော့ အဲဒီလို နည်းလမ်းလေး ၁၀ ခုကို ရေးပြထားပါတယ်။ SKB များ ဖြစ်ကြပါစေ။
၁. အဝတ်ဟောင်းတွေ မသုံးပါနဲ့တော့
အရည်အသွေးမြင့် ပိတ်စတွေဟာ ကြာရှည်ခံပေမယ့် ကျွန်တော်တို့ ဝတ်တတ်ကြတဲ့ ပုံမှန်အဝတ်တွေကတော့ ကြာရှည်မခံပါဘူး။ ရိပြီး ပြဲနေ၊ အရောင်လွင့်နေတဲ့ အဝတ်တွေကို ဝတ်တာ မလန်းပါဘူး။ ၁ ထည် ၂ ထည် အိမ်နေရင်းဝတ်ဖို့ ချန်ထားပြီး ကျန်တာတွေကို လိုအပ်တဲ့နေရာပေးပစ်လိုက်ပါ။
၂. အမွှေးအမျှင် ရိတ်ပါ
မျက်နှာ အမွှေးအမျှင် ရိတ်တာဟာ သင့်ကိုယ်ရောင်ကိုယ်ဝါကို တောက်ပလာစေနိုင်ပြီး လိုအပ်တာကတော့ မုတ်ဆိတ်ရိတ်ဓားတစ်ချောင်းနဲ့ Shaving Gel နည်းနည်းပါ။ မုတ်ဆိတ်ထားရင်လဲ သေသေချာချာ တိတိရိရိ ပုံသွင်းထားပါ။ မုတ်ဆိတ်ထိုးထိုးထောင်ထောင်ထွက်နေသူထက် ဘယ်သူမှ ကြည့်ရမဆိုးပါဘူး။
၃. ကေသပါ
ဆံပင်လိမ်းဆီ ( Gel, Wax, ခေါင်းလိမ်းဆီ ) ဘယ်ဟာမဆိုဟာ သင့်ဆံပင်ကို လောလောလတ်လတ် ညှပ်ထားသလို ပုံကျကျ ဖြစ်စေနိုင်ပါတယ်။ သင်နဲ့ လိုက်တဲ့ ခေါင်းလိမ်းဆီပုံစံကို သေချာလေ့လာပြီး သုံးစွဲပါ။ ခေါင်းလဲ ဖြီးပါ။
၄. ဖိနပ်ကောင်းကောင်း တစ်ရန် ဝယ်ပါ
ဖိနပ်စုတ်တွေဟာ ဝတ်စုံကောင်းတစ်ခုကို ဖျက်စီးပစ်နိုင်ပါတယ်။ ဖိနပ်စုတ်တွေက စီးရတာ ပိုပြီး သက်တောင့်သက်တာရှိတယ်ထင်ရင် ပုံစံလဲကောင်း၊ စီးလို့လဲ အဆင်ပြေတဲ့ ဖိနပ်တွေရှိတာ သိထားပါ။ Dress Shoe တစ်စုံလောက်ဆိုရင် နေရာတိုင်း စီးနိုင်ပြီး စတိုင်လဲ ကျပါတယ်။
၅. သင်နဲ့ တကယ်တန်တဲ့ ဝတ်စုံကိုပဲ ရှာဝတ်ပါ
အသင့်ချုပ်ပြီး ဝတ်စုံတံဆိပ်တော်တော်များများမှာ သင်နဲ့ တန်တဲ့ ဆိုဒ် ရှိတတ်ပါတယ်။ ရှာဝယ်ပါ။ ဝတ်စုံ အဟောင်း မတန်တော့တဲ့ဟာတွေဆိုရင်လဲ အပ်ချုပ်ဆရာဆီမှာ သွားပြီး ပြင်လို့ ရပါတယ်။ ဘယ်တော့မှ မတန်တာ မဝတ်ပါနဲ့။
၆. ကျောပိုးအိတ် ကောင်းကောင်း ဝယ်ပါ
အကောင်းဆုံးကတော့ သင့်ရဲ့ ကျောပိုးအိတ်ကို ပိုပြီး လူကြီးဆန်တဲ့ လက်ဆွဲအိတ် ပြောင်းကိုင်တာပါပဲ။ ဝင်ဆန့်တာခြင်း အတူတူကို ပိုပြီး အဆင့်အတန်းရှိစေပါတယ်။ ကျောပိုးအိတ်မှဆိုရင်တော့ လယ်သာ၊ ဒါမှမဟုတ် ကင်းဗတ်ကို ဝယ်ပါ။
၇. တခြား လိုတဲ့ ပစ္စည်းသေးသေးလေးတွေ ဖြည့်ပါ
ဘိုးတိုင်လေးတွေ၊ လက်ကိုင်ပုဝါ၊ လက်ပါတ်လေးတွေ အားလုံးဟာ သင့်ရဲ့ ဝတ်စုံဟောင်းကို နည်းနည်း အရောင်တင်ပေးနိုင်ပါတယ်။ အကုန်လုံးကို တစ်ခါထဲ ချမပြလိုက်ပါနဲ့။ နည်းနည်း နည်းနည်းခြင်းစီ တိုးဝတ်တာ ပိုကောင်းပါတယ်။
၈. ခြေအိတ်အသစ်လေးတွေ ဝယ်ပါ
ဝတ်စုံတစ်စုံကို ဖိနပ်စုတ်တွေထက် ပိုပြီး ဖျက်စီးနိုင်တာ ခြေအိတ်စုတ်တွေပါပဲ။ အပေါက်ပါတဲ့ ခြေအိတ်တွေကို လွှင့်ပစ်ပါ။ အနံ့ထွက်နေရင် လွှင့်ပစ်ပါ။ ခြေအိတ်အသစ် ဝယ်ဖို့ ပျင်းရိခြင်းဟာ တစ်ကိုယ်ရည်သန့်ရှင်းရေး ညံ့တာပါပဲ။ ခြေအိတ်အဟောင်းဆိုတာ အတွင်းခံအဟောင်းနဲ့ တူတူပါပဲ။
၉. မျက်မှန်အသစ်ဝယ်ပါ
မျက်မှန်ဆိုတာ သင့်မျက်နှာပုံစံကို အကောင်းဆုံး ပြောင်းနိုင်တဲ့ အရာတွေပါပဲ။ တကယ်လို့ သင်မှာ မျက်မှန်လဲ ရှိပြီးသား ရုပ်လဲ ပြောင်းချင်ရင်တော့ ကိုင်းလဲတပ်လိုက်ပါ။ သင် အထက်တန်းကျောင်းကတည်းက မျက်မှန်ဆိုရင်တော့ လဲသင့်ပါပြီ။ လေးထောင့်ကျကျ မျက်မှန်တွေဟာ အကောင်းဆုံးဖြစ်ပေမယ့် သင့်မျက်နှာနဲ့ အလိုက်ဆုံးဟာကို ရှာဝယ်ပါ။
၁၀. အဝတ်အစားတွေကို ဂရုစိုက်ပါ
ဒီဟာက အရေးုကြီးဆုံးပါပဲ။ ဘယ်လောက် ကောင်းတဲ့ အဝတ်အစားတွေ ဖြစ်ဖြစ် သေချားသိမ်းမထားရင် အလကားပါပဲ။ သန့်သန့်ရှင်းရှင်း အမြဲလျှော်တာ၊ Dry Cleaner တွေဆီ မကြာခဏသွားတာ မျိုးပါ။ မီးပူ အမြန် ထိုးလိုက်ခြင်းဟာ ဘယ်ဝတ်စုံကိုမဆို ပိုသန့်သွားသလို မြင်ရစေပါတယ်။
ကြည့်ကောင်းဖို့ဆိုတာ အရမ်း မခက်ပါဘူး။ အားနည်းနည်း စိုက်ရရုံလေးပါ။
စော်ကြည်ဘဲကြီးဖြစ်သွားပြီး ကောင်မလေးလန်းလန်းလေးတွေနဲ့ ကဲမယ်ဆိုရင်တော့ Okamoto ဆောင်သွားဖို့မမေ့ပါနဲ့
ဝယ်ယူရရှိနိုင်သောဆိုင်များ
24 hours open convenience store များဖြစ်သည့် G and G, ABC, City Express, Orange, Oasis,Capital, Medicare Vietnam, Million Mart, Lion City, Shwe Ohh Pharmacies, Nector, Select စသည်တို့မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ ။
Online ကနေမှာယူလိုသူများအတွက်လဲwww.shop.com.mm/okamoto-condom-store/ ကနေမှာယူနိုင်ပါသည်။ (+95) 09-970-140-004 (+95) 09-970-160-006 (+95) 09-973-203-566 (+95) 01-544-434 (+95) 01-860-4371 တို့ကို ဖုန်းဆက်၍လည်းမှာယူနိုင်ပါတယ်