နေကာမျက်မှန်တွေဟာ သင့်ကို စမတ်ကျ ကြည့်ကောင်းစေရုံသာမက ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိနာခြင်း၊မျက်စိကိုက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။သို့သော် မိမိမျက်နှာနှင့်လိုက်ဖက်သော မျက်မှန်ကောင်းကောင်းတစ်လက်ကိုလည်း သေချာရွေးချယ်တတ်ဖို့လိုပါတယ်။
1။ မျက်နှာဝိုင်းပြီးမေးစေ့ချွန်သောမျက်နှာ
ထိုကဲ့သို့မျက်နှာပိုင်ရှင်များက အနက်ရောင်ဘောင်အထူနှင့် မျက်မှန်ကိုရွေးချယ်သင့်ပါတယ်။မျက်မှန်အဝိုင်း၊ဘောင်သေးသောမျက်မှန်၊မျက်ခုံးမွှေးကို ကာနေသောမျက်မှန်များသည် လုံးဝလိုက်ဖက်ခြင်းမရှိပါ။
2။ ဘဲဥပုံမျက်နှာ
မျက်ခုံးမွှေးအတိ ဘောင်အကျယ်ရှိသောမျက်မှန်အမျိုးအစားကိုရွေးချယ်သင့်ပါတယ်။ဘောင်အနား ချွန်သောမျက်မှန်အမျိုးအစားတွေက သင်နဲ့လုံးဝမလိုက်ဖက်ပါဘူး။
3။လေးထောင့်ဆန်သောမျက်နှာ
ပေါ့ပေါ့ပါးပါးနှင့် မျက်နှာ Frame နှင့်အတိ မျက်မှန် အမျိုးအစားတွေက သင့်ရဲ့ လေးထောင့်ဆန်တဲ့ မျက်နှာကို သေးသွယ်သယောင် ထင်ရစေမှာပါ။
4။ဦးခေါင်းအနည်းငယ်ကြီးပြီး မေးစေ့ချွန်သောမျက်နှာ
ထိုမျက်နှာပိုင်ရှင်များနဲ့ အလိုက်ဖက်ဆုံး မျက်မှန်ကတော့ ဘောင်မပါတဲ့ နေကာမျက်မှန်အဝိုင်းလေးတွေပါပဲ။ လေးထောင့်မကျ အဝိုင်းမကျ မျက်မှန်တွေကတော့ သင့်ကို ဦးခေါင်းပိုကြီးပြီး မေးစေ့ ပိုသွယ်သလို ဖြစ်စေမှာပါ။
5။လေးထောင့်ကျပြီးမေးစေ့တိုသောမျက်နှာ
မျက်မှန်လေးထောင့်တွေကသင့်ရဲ့မျက်နှာပုံစံကို ပိုကြည့်ရဆိုးစေမှာပါ။ မျက်မှန်အပေါ်ပိုင်းလေးထောင့်ဆန်ပြီးအောက်ပိုင်း ဝိုင်းတဲ့ ကြောင်မျက်လုံးပုံစံ မျက်မှန်အမျိုးအစားက သင့်ကိုပိုပြီးယုံကြည်မှုရှိရှိနဲ့ လှပတဲ့မျက်နှာကို ပိုင်ဆိုင်နိုင်စေမှာပါ။
မျက်စိကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်သကဲ့သို့ သင့် paetner ကိုလည်း HIV ကူးစက်ခြင်းမှ ကာကွယ်လိုက်ပါ
အရည်အသွေးစိတ်ချရပြီး အကောင်းဆုံးခံစားနိုင်ဖို့
ကမ္ဘာကျော် ဂျပန်ကွန်ဒုံး Okamoto လိုတယ်။
အိုကာမိုတိုကွန်ဒုံး အားလုံးကို ခံစားမှုအကောင်းဆုံး ပေးနိုင်သော Sheerlon (a special form of natural rubber latex) သားဖြင့် ပြုလုပ်ထားသည်။ ကွန်ဒုံးတိုင်းတွင် ချောဆီအသင့်ပါသည်။ ဂျပန်နိုင်ငံတွင် နံပါတ်တစ် အရောင်းရဆုံးကွန်ဒုံး ဖြစ်သည် (No. 1 in Japan)။ ဂျပန်အရည်အသွေးဖြစ်ပြီး သာမန်ကွန်ဒုံးများထက် ထက်ဝက်ခန့် ပိုမိုပါးလွှာသည်။ ကွန်ဒုံးတစ်ခုချင်းစီကို ခေတ်မှီစက်များဖြင့် စမ်းသပ်စစ်ဆေးထားသည်။
စီးရီးနှစ်မျိုး ဝယ်ယူရရှိနိုင်ပါပြီ။
Ok စိုပြေ စီးရီး တွင်
Crown (သရဖူကွန်ဒုံး)
Harmony (စြက်ာကွန်ဒုံး)
Dot De Cool (ဂေါ်လီကွန်ဒုံး)
Skinless Skin အလွှာမခြား စီးရီး တွင်
Vanilla (သစ်ခွကွန်ဒုံး)
Orange (လိမ္မော်ကွန်ဒုံး)
Strawberry (စတော်ဘယ်ရီကွန်ဒုံး)
Purity (သဘာဝကွန်ဒုံး)
Super Lubricative (အရည်ရွှန်းကွန်ဒုံး)
ဝယ်ယူရရှိနိုင်သောဆိုင်များ
G and G, ABC, City Express, Orange, Oasis, Victory mini mart, Capital, Medicare Vietnam, Million Mart, Lion City, Shwe Owe Pharmacies, Nector, Select.
တစ်ဘူးချင်းစမ်းသုံးချင်သူများလည်း www.shop.com.mm/okamoto-condom-store/တွင်ဝယ်ယူရရှိနိုင်ပါပြီ။