အများစုသိထားတာက ရာသီလာနေစဉ် ဆက်ဆံခြင်းက ကိုယ်ဝန်မရနိုင်ဘူးလို့သိထားကြပါတယ်။တကယ်တော့ မရနိုင်တာမဟုတ်ပါဘူး။ ရနိုင်ခြေနည်းပါးတာပါ။ အကြောင်းရင်းကတော့ အမျိုးသမီးအများစုဟာ ရာသီလာပြီး ၁၁ ရက်ကနေ ၁၅ ရက်အတွင်းမှာသာ မျိုးအောင်နိုင်တဲ့ မမျိုးဥကြွေလေ့ရှိပါတယ်။ ကိုယ်ဝန်ဆိုတာကလည်း မမျိုးဥနဲ့ သုတ်ပိုးတွေ့မှဖြစ်နိုင်တာကြောင့် ရာသီလာစဉ်ကာလမှာ မမျိုးဥ မကြွေနိုင်တဲ့အတွက် အတူနေလို့ရတယ်လို့ လက်ခံထားကြပါတယ်။
ဒါပေမဲ့ တခါတလေမှာ ချွင်းချက်တစ်ခုခုကြောင့် ကိုယ်ဝန်ရသွားတာတွေရှိခဲ့ဖူးတာမို့ အကာအကွယ်သုံးသင့်ပါတယ်။
-မိန်းကလေးတွေ ပထမဆုံးရာသီမလာခင်ကတည်းက လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်လား?
ပထမဆုံးရာသီလာခါနီးကာလဆိုရင်တော့ မမျိုးဥကြွေခြင်းစတင်နေပြီမို့ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။
-လိင်အင်္ဂါတဝိုက်မှာ အမွှေးအမျှင်တွေရှိနေခြင်းက ကောင်းသလား ၊ ဆိုးသလား ?
အမျိုးသမီးတွေမှာရှိတဲ့ အမွှေးအမျှင်တွေဟာ မအင်္ဂါအတွင်းကို ဘက်တီးရီးယားများဝင်ခြင်းမှ ကာကွယ်ပေးနိုင်ဖို့ ပါရှိတဲ့သဘာဝတစ်ခုဖြစ်ပါတယ်။
-တားဆေးတွေက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်မပေးနိုင်လား။
မကာကွယ်နိုင်ပါဘူး။ တားဆေးတွေရဲ့ အဓိကလုပ်ဆောင်ချက်က ကိုယ်ဝန်မရနိုင်အောင်ကာကွယ်ဖို့သာဖြစ်ပါတယ်။
-မိန်းကလေးတစ်ယောက်အတွက် အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီး ကိုယ်ဝန်မရနိုင်တာဘယ်အချိန်လဲ ?
အကာအကွယ်မပါဘဲ အတူနေခြင်းက ရာသီလာနေစဉ်ကာလမှာလဲ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။ စိတ်ချရတဲ့နေ့ဆိုတာမရှိပါဘူး။
-ဘယ်လိုဆက်ဆံခြင်းက HIV/ AIDS မကူးစက်နိုင်တာလဲ ?
HIV/ AIDS ဟာ ခန္ဓာကိုယ်မှထွက်တဲ့အရည်များဝင်ခြင်း ၊ သွေးမှတဆင့်ကူးခြင်း ၊ သွေးကြောထဲထိုးသွင်းတဲ့အပ်မှတဆင့်ကူးခြင်း၊ နို့တိုက်ကျွေးခြင်း စတာတွေမှ ကူးစက်နိုင်တာကြောင့် ကွန်ဒုံးသုံးစွဲခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
-ကွန်ဒုံးတွေရဲ့ စိတ်ချရနိုင်မှုက ဘယ်လောက်ရှိလဲ ?
ကွန်ဒုံးအသုံးပြု၍ လိင်ဆက်ဆံခြင်းက ၉၂ – ၉၈.၇ရာခိုင်နှုန်း စိတ်ချရပါတယ်။
-လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး/ကောင်းကျိုးတွေကို မဆက်ဆံခင်ကိုယ့်ချစ်သူနဲ့ ဆွေးနွေးသင့်သလား ?
သေချာဆွေးနွေးရမယ့်ကိစ္စပါ။ လိင်ကိစ္စမပြုလုပ်ခင်ကတည်းက ကိုယ်ဝန်မရအောင် ဘယ်လိုကာကွယ်နည်းသုံးမလဲ၊ ဖြစ်လာခဲ့ရင် ဘာလုပ်မှာလဲ..ပြီးတော့ အရေးကြီးဆုံးက ရောဂါတွေရှိမရှိစစ်ဆေးထားကြဖို့ပါပဲ။
ကွန်ဒုံးရွေးချယ်ရာမှာ အကောင်းဆုံး Quality ၊စိတ်အချရဆုံးနဲ့ သဘာဝအတိုင်း ခံစားမှုကို ပေးစွမ်းနိုင်တဲ့ Okamoto ကွန်ဒုံးအမျိုးအစားကို ရွေးချယ်သင့် ပါတယ်။ ရွေးချယ်စရာ အမျိုးအစားများစွာရှိတဲ့ Okamoto ကွန်ဒုံးကို အခုဆိုရင် 24 နာရီဖွင့်တဲ့ ABC, G & G ၊ City Express ဆိုင်တွေမှာ နေ့ညမရွေး အလွယ်တကူ ဝယ်ယူနိုင်သည်။ ထို့အပြင်Capital, Medicare Vietnam, Million Mart, Lion City, Shwe Owe Pharmacies, Nector, Select ဆိုင်များနှင့် www.shop.com.mm
(Ph- 09969965500) ဈေးဝယ် page မှာ လည်းဝယ်ယူရရှိနိုင်ပါပြီ။