အကြင်နာအနမ်းတွေပေးတာက ခက်ခဲတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် ပိုပြီးတော့ စွဲမက်စရာကောင်းတဲ့ အနမ်းတွေချွေနိုင်ဖို့အတွက် အောက်ပါ နည်းလမ်းများကို သင်လက်တွေ့ စမ်းသပ်နိုင်ပါတယ်
-မမျှော်လင့်ထားတဲ့ အနမ်း
သင့်ကောင်မလေးကို အနမ်းတစ်ပွင့် အံ့သြသွားအောင် လုပ်ကြည့်လိုက်ပါ။ အစပျိုးနေတာမျိုးတွေ မလုပ်ပဲနဲ့ တယုတယဖက်ပြီးနမ်းပစ်လိုက်ပါ။ မျှော်လင့်ထားတဲ့အချိန်မှာ အကြင်နာပေးတာက ကြည်နူးစရာဖြစ်ပါတယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့အချိန်မှာ အကြင်နာပေးခံလိုက်ရတာက သူမကိုလုံးဝကြွေသွားစေနိုင်ပါတယ်။
-နောက်ထပ်နမ်းချင်လာအောင် လုပ်ပါ။
သင့်ကောင်မလေးက နောက်တစ်ခါထပ်ပြီးအနမ်းခံချင်လာအောင် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် အကြင်နာအနမ်းတွေ ချွေတဲ့အခါမှာ နည်းလမ်းအပြောင်းအလဲတွေ လုပ်ပေးဖို့ လိုအပ်သလို မထင်မှတ်ထားတဲ့အချိန်တွေမှာ အနမ်းပေးတာတွေကို လုပ်သင့်ပါတယ်။ နောက်တစ်ချက်က တစ်ခါတည်း အပြီးမနမ်းပါနဲ့။
-နှုတ်ခမ်းလေးတွေကို အာရုံစိုက်ပါ။
နှုတ်ခမ်းလှတဲ့သူနဲ့ အနမ်းပေးရရင် နှစ်ယောက်တည်းကမ္ဘာတစ်ခုကို ရောက်သွားသလိုပါပဲ။ ဒါ့ကြောင့် သင့်ရဲ့နှုတ်ခမ်းကို စွဲမက်စရာကောင်းအောင်ပြင်ဆင်ပါ။ သင့်ကောင်မလေးသဘောကျတဲ့ ရနံ့ပါဝင်တဲ့ ယောင်္ကျားလေးသုံးနှုတ်ခမ်းလိမ်းဆေးဆီတစ်ခုခုပြေးဝယ်ထားလိုက်ပါ။
-ဒါပေမယ့် နှုတ်ခမ်းချည်းပဲ မဟုတ်ပါဘူး။
သင့်ကောင်မလေးရဲ့နှုတ်ခမ်းတွေကိုချည်းပဲ အမြဲတမ်းအကြင်နာပေးနေလို့ မဖြစ်သေးပါဘူး။ သူမရဲ့အောက်နှုတ်ခမ်းကိုပဲ နမ်းတာ၊ နဖူး၊ ပုခုံးစတဲ့နေရာတွေကို နမ်းတာတွေက သင့်ကောင်မလေးကို ကျေနပ်စေမှာ အမှန်ပါပဲ။
-နေရာကလည်း အရေးကြီးပါတယ်။
နေရာနဲ့ပတ်သက်လို့ကတော့ အိပ်ရာထဲမှာ နမ်းတာကတော့ အကောင်းဆုံးဖြစ်တယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒါပေမယ့် တောင်တက်ခရီးသွားနေရင်း သင့်ကောင်မလေးကို ရုတ်တရက် အကြင်နာပေးတာမျိုး၊ တွေ့ဆုံပွဲမှာ လူမမြင်ကွယ်ရာတစ်ခုကို ခေါ်ပြီး အကြင်နာပေးတာမျိုးတွေကလည်း ခံစားမှုအမျိုးမျိုး ပေးစွမ်းနိုင်ပါတယ်။
နမ်းနေရင် စိတ်မခိုင်ပဲ ချစ်ကြမယ်ဆိုရင်တော့
Okamoto(ခံစားမှုအကောင်းဆုံးကွန်ဒုံး)လေးဆောင်သွားဖို့မမေ့ပါနဲ့..
ဝယ်ယူရရှိနိုင်သောဆိုင်များ-G and G, ABC, City Express, Orange, Oasis, Victory mini mart, Capital, Medicare Vietnam, Million Mart, Lion City, Shwe Owe Pharmacies, Nector, Select. တစ်ဘူးချင်းစမ်းသုံးချင်သူများလည်း www.shop.com.mm/okamoto-condom-store/ တွင်ဝယ်ယူရရှိနိုင်ပါပြီ…