ကျွန်တော်တို့ ယောင်္ကျားလေးအများစုက ဖိုမချစ်တင်းနှောခြင်း (လိင်ဆက်ဆံခြင်း)နဲ့ ပတ်သက်ပြီး ငြင်းဆိုကန့်ကွက်စရာ အများကြီးမရှိကြပါဘူး။ မနက်ခင်းပိုင်းဖြစ်ဖြစ်၊ ရေချိုးရင်းပဲဖြစ်ဖြစ်၊ ကားနောက်ခုံမှာပဲဖြစ်ဖြစ်၊ နှစ်ပတ်လည်နေ့၊ ချစ်သူများနေ့ စတဲ့နေ့တွေပဲဖြစ်ဖြစ်၊ ပထမဆုံးအကြိမ်ပဲဖြစ်ဖြစ်၊ ဘယ်လိုချစ်တင်းနှောခြင်းကိုမဆို သာယာတတ်ကြပါတယ်။ဒါပေမယ့် ချစ်တင်းနှောခြင်းဟာ သာယာကျေနပ်မှုတစ်ခုပဲ ပေးနိုင်တာမဟုတ်ပါဘူး။ လေ့လာမှုတွေအရ လိင်ဆက်ဆံခြင်းဟာ သင့်ဘဝအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အောက်ပါအချက်များကို ဖော်ပြပေးလိုက်ပါတယ်။
– သင့်ကို ပိုပြီးပျော်ရွှင်စေတယ်
ချစ်တင်းနှောပြီး ခံစားမှုအထွဋ်အထိပ်ကို ရောက်ရှိပြီးနောက်မှာ သင့်အနေနဲ့ သာယာပျော်ရွှင်မှုကို ခံစားရမှာပါ။ ဘာကြောင့်လဲဆိုရင် ကိစ္စပြီးလို့ မိနစ်အနည်းငယ်လောက်အကြာမှာ သင့်ရဲ့ခန္ဓာကိုယ်က စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့ ဟောမုန်းတွေ အများအပြားထုတ်လုပ်ပေးနေတာကြောင့် ဖြစ်ပါတယ်။
-ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးတယ်
ယောင်္ကျားလေးတွေအတွက် မကြာခဏသုတ်ရည်ထွက်ခြင်းက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ သုတ်ရည်ထုတ်ခြင်းဟာ ဆီးကျိတ်အတွင်း ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ စုပုံများပြားခြင်းကို ရှင်းထုတ်ပစ်နိုင်တာကြောင့် ဖြစ်ပါတယ်။
– အလုပ်ကို မုန်းတီးစိတ်တွေ လျော့နည်းစေတယ်
ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝကို ရရှိထားသူတွေအနေနဲ့ အလုပ်မှာ ပိုမိုပျော်ရွှင်ရပြီး အကောင်းဆုံးလုပ်ဆောင်နိုင်တယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ လေ့လာမှုအရ အလုပ်မဝင်ခင် ညမှာ လိင်ဆက်ဆံလေ့ရှိသူတွေဟာ နောက်တစ်နေ့အလုပ်ထဲမှာ ပိုမိုစိတ်ဝင်စား အာရုံစိုက်နိုင်တယ်လို့ ဆိုပါတယ်။
– သင့် ဖွားဖက်တော် စွမ်းဆောင်နိုင်ဖို့ ကူညီပေးတယ်
လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ဖွားဖက်တော်ကို
သန်စွမ်းကျန်းမာနေစေဖို့လည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ မကြာခဏလိင်ဆက်ဆံမှု ရှိသူတွေဟာ လိင်ဆက်ဆံမှုနည်းသူတွေထက် ပန်းသေပန်းညှိုးဖြစ်နိုင်ချေနည်းတယ်လို့ ဆိုပါတယ်။ လိင်တံထောင်မတ်မှုဟာ သင့်ဖွားဖက်တော်ကို အောက်စီဂျင်ပြည့်ဝစွာ ရရှိစေနိုင်ပါတယ်။ ဖွားဖက်တော်မှာ အောက်စီဂျင်လုံလောက်စွာ မရရှိပါက အနာရွတ်တစ်ရှုးတွေကို များပြားလာစေပြီး လိင်တံထောင်မတ်မှုကို ခက်ခဲစေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ကလည်း သင့်ဖွားဖက်တော်ကို စွမ်းဆောင်ရည်ကျဆင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံရှိဖို့လည်း လိုပါတယ်။
– ကယ်လိုရီတွေ လောင်ကျွမ်းစေတယ်
အားကစားခန်းမမှာ နာရီနဲ့ချီပြီး လေ့ကျင့်ခန်းလုပ်တာကို ဆိုလိုတာမဟုတ်ပါဘူး။ ချစ်တင်းနှောခြင်းမှာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ လုပ်ဆောင်ရပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားတွေဟာ (၂၅)မိနစ်ကြာ တစ်ခါလိင်ဆက်ဆံပြီးတိုင်း ကယ်လိုရီ ၁၀၀ ခန့် လောင်ကျွမ်းသွားလေ့ရှိပါတယ်။ ဒီနှုန်းထားဟာ တစ်နာရီ သုံးမိုင်နှုန်းနဲ့ (၂၅)မိနစ်ကြာ လမ်းလျှောက်တာထက် ပိုများပါတယ်။ ဒီတော့ လိင်ဆက်ဆံမှုအချိန် ပိုကြာလေလေ၊ ကယ်လိုရီလောင်ကျွမ်းမှု ပိုများလေလေပဲဖြစ်ပါတယ်။
– ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
ပုံမှန်လိင်ဆက်ဆံမှုရှိသူတွေမှာ ကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်ပြီး နာမကျန်းမှုတွေကို ပိုမိုခံနိုင်ရည်စွမ်းရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ ပုံမှန်လိင်ဆက်ဆံမှုရှိသူတွေမှာ နာမကျန်းမှုတွေကို တိုက်ခိုက်ကာကွယ်ပေးတဲ့ ဓာတ်ပစ္စည်းတွေ ပိုမိုများပြားတဲ့အတွက်ပဲ ဖြစ်ပါတယ်။
– ခေါင်းကိုက်ဝေဒနာကို သက်သာစေတယ်
လိင်ဆက်ဆံပြီး ခံစားမှုအထွဋ်အထိပ်ရောက်တဲ့အခါ သဘာဝအကိုက်အခဲပျောက်ဆေးနဲ့ တူပါတယ်။ ဒီအချိန်မှာ သင့်ရဲ့ဦးနှောက်ထဲမှာ သာယာမှုကို ခံစားရစေပြီး နာကျဉ်မှုကို လျော့ပါးသက်သာစေတဲ့ အန်ဒိုဖင်းဓာတ်တွေ အပြည့်ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ ခေါင်းကိုက်ဝေဒနာကို လျော့ပါးသက်သာစေနိုင်တာ ဖြစ်ပါတယ်။
လိင်ဆက်ဆံရာမှာလည်း Okamoto အသုံးပြုဖို့မမေ့ပါနဲ့..
ဝယ်ယူရရှိနိုင်သောဆိုင်များ
G and G, ABC, City Express, Orange, Oasis, Victory mini mart, Capital, Medicare Vietnam, Million Mart, Lion City, Shwe Owe Pharmacies, Nector, Select.
တစ်ဘူးချင်းစမ်းသုံးချင်သူများလည်း www.shop.com.mm/okamoto-condom-store/တွင်ဝယ်ယူရရှိနိုင်ပါပြီ။