မိန်းမတစ်ယောက် စိုစွတ်နေတာနဲ့ သူမ ဇာတ်သိမ်းပိုင်း ရောက်တော့မယ်လို့ ပြောလို့မရပါဘူး။ သင် သူမလိုအပ်တယ်လို့ ထင်ထားတဲ့ အချိန်ထက် နှစ်ဆကြာမှာပါ။ သူမ ပြီးတော့မယ်ဆိုရင် သင်သိမှာပါ။ မိန်းကလေးတွေက ပြီးဖို့ ကြာမယ့် အချိန်ကို ဂရုမစိုက်တတ်ကြပါဘူး။ ပြီးဖို့ပဲ အရေးကြီးတာပါ။ သင်က သူမကို ကြာကြာ လှုံ့ဆွပေးလေ သူမအတွက် ပိုပြီး ပျော်စရာကောင်းလာလေပါ။
လိင်ဆက်ဆံရတာ ပျော်ဖို့ကောင်းပါတယ်။ အလုပ်ခွင်မှာ အလုပ်မြန်မြန်ပြီးဖို့ ကြိုးစားတာ မှန်ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ဖြည်းဖြည်းချင်းပဲ ကောင်းပါတယ်။
သင် အချိန်ယူဆက်ဆံလို့ ဘာပြန်ရမလဲဆိုတော့
-ယောက်ျားတွေဟာ လိင်ကိစ္စပြီးသွားရင် နောက်တစ်ခေါက် ဆက်ဆံနိုင်ဖို့ အချိန်ပိုယူရပါတယ်။ သင် မြန်မြန်ပြီးသွားရင် ပြီးပါပြီ။ ဆက်လုပ်လို့ မရပါဘူး။
– လိင်ဆက်ဆံခြင်းဟာ အကိုက်အခဲ၊ နာကျင်ခြင်းတွေကို ပျောက်စေတဲ့ neuropeptides ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထုတ်ပေးပါတယ်။ လိင်ဆက်ဆံတာက Biogesic ထက် ပိုကောင်းပါတယ်။
– သင် အချိန်ယူဆက်ဆံလေလေ၊ ပြီးဆုံးတဲ့အခါ ပိုကောင်းလေ၊ ပိုပြီး ပြင်းထန်လေပါပဲ။
အချိန်ယူပြီး ကြာကြာဆက်ဆံနိုင်ဖို့ ဘာလုပ်ရမလဲ
– သင့်ရဲ့ လိင်ကိစ္စအပြီး သုတ်ရည်ထုတ်လွှတ်မှုကို ထိန်းထားနိုင်တဲ့ ကြွက်သားတွေ သန်မာလေလေ ပိုပြီး ကြာကြာ ဆက်ဆံနိုင်လေလေပါပဲ။ သူတို့ကို သန်မာစေဖို့ ဆီးသွားရပ်ဖို့ သုံးတဲ့ကြွက်သားတွေကို နှစ်စက္ကန့်လောက် ကြုံ့ထားပေးပါ။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို အကြိမ် ၂၀ ကလေ ၆၀ ထိ လုပ်ပေးပါ။
– လိင်ဆက်ဆံတုန်း အသက် ဖြည်းဖြည်းရှုသွင်း ရှုထုတ်ပါ။ ပြီးခါနီးအချိန်တွေမှာ သေချာ အာရုံစိုက်ပြီး ဝင်လေ ထွက်လေ အမြန်နှုန်း မှတ်ပေးခြင်းဟာ သင် မပြီးချင်သေးပဲ ပြီးမသွားစေဖို့ ကာကွယ်ပေးပါတယ်။
– မိန်းမတွေမှာ G Spot တစ်ခု ရှိသလို ယောက်ျားတွေမှာ နှစ်ခု ရှိပါတယ်။ တစ်ခုက Prostrate နားမှာ ဖြစ်ပြီး နောက်တစ်ခုက လိင်တံထိပ် ခေါင်း အောက်ဖက်လေးမှာပါ။ အဲဒါကြောင့် ဆောင့်ချက်တွေကို မြန်တစ်ချက် နှေးတစ်ချက် ပုံစံပြောင်းလဲပေးခြင်းဖြင့် ကြာကြာ ခံနိုင်ရုံမက သူမကို ပိုပြီး စိတ်လှုပ်ရှားစေပြီး သင်လဲ ပိုပြီးအရသာကောင်း ခံစားရစေနိုင်ပါတယ်။
ဝယ်ယူရရှိနိုင်သောဆိုင်များ
G and G, ABC, City Express, Orange, Oasis, Capital, Medicare Vietnam, Million Mart, Lion City, Shwe Owe Pharmacies, Nector, Select စသည်တို့မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ ။
Online ကနေမှာယူလိုသူများအတွက် www.shop.com.mm/okamoto-condom-store/ ကနေမှာယူနိုင်ပါသည်။ (+95) 09-970-140-004 (+95) 09-970-160-006 (+95) 09-973-203-566 (+95) 01-544-434 (+95) 01-860-4371 တို့ကို ဖုန်းဆက်၍လည်းမှာယူနိုင်ပါတယ်