ဤ ရိုးရှင်းသော အကြံညဏ်နှင့် နည်းစနစ်သည် သင်နှင့် သင့်ကြင်ယာတို့ ၏ လိင်မှု ကိစ္စ ကို ပိုမို သာယာစေရန် အထောက်အကူ ပြုပါလိမ့်မည်။
ဝန်ခံပါမိတ်ဆွေ…ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို လိင်မှု ရေးရာမှာ ကျွမ်းကျင်သည်ဟု ယူဆနေပါစေ ကိုယ့်အတွက်ရော ကိုယ်နဲ့ ဆက်ဆံဖော် အတွက်ပါ် ပိုပို ပြီး စိတ်ကျေနပ်မှု ရစေမယ့် နည်းလမ်းကောင်းတွေ တော့ လိုချင်နေဦးမှာ ပါပဲ။
ဒါကြောင့် အမျိုးသားထုကြီး အတွက် အကျိုးရှိမယ့် လိင်မှု့ရေးရာ အထောက်ကူပြု အချက် ၂၀ ကို ယခုမှ စ၍ စတင် အသုံးချကြည့်ပါ။
၁။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပါ
အိမ်ထောင်သည်ဘဝ တခု ဆက်ဆံရေး အချိန် ကြာလာတာနဲ့ အမျှ အရင်လို စိတ်လှုပ်ရှားမှု့ လျော့နည်းလာတတ် ပြီး ဝတ်ကျေတန်းကျေ ပုံစံ ဖြစ်လာတတ်တယ်။ အမျိုးသမီးတွေ အနေနဲ့လည်း တခါတလေ အပြောင်းအလဲကို လိုချင်တတ်ပါတယ်။ ဒီအခါမှာတော့ အရင်လို ချစ်စကြင်နာစ အချိန်ကလို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဖို့ လိုအပ်ပါတယ်လို့ လိင်ဆိုင်ရာ စိတ်ပညာရှင် ဝီလ်လျံ လူစီနာ (Williams Lucena) က အကြံပြုထားပါတယ်။
၂။ ကျန်းမာရေးနဲ့ အညီ စားသုံးပါ
လိင်မှုရေးရာနဲ့ မဆိုင်ဘူးလို့ ထင်ရပေမယ့် စိတ်ဖိစီးမှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် Addicted to stress ဆိုတဲ့စာအုပ်ကို ရေးသားသူ လဲ ဖြစ်တဲ့ ဒက်ဘီ မန်ဒဲလ် (Debbie Mandel) ကတော့ မှန်ကန်တဲ့ စားသုံးမှု ဟာ ကိုလက်စထရောကို လျှော့ကျစေပြီး ကိုယ်ခန္ဓာရဲ့လိုအပ်တဲ့ အဟာရကို ဖြည့်ပေးရုံမက လိင်စိတ်ကိုလဲ ထက်သန်စေပါတယ် လို့ ဆိုထားပါတယ်။
၃။ အိမ်မှုကိစ္စ ကူညီဆောင်ရွက်ပေးပါ
အကောင်းဆုံး အကြိုနှိုးဆွမှု (foreplay) ဟာ အိပ်ယာရဲ့ အပြင်မှာ ရှိတယ်လို့ ဒက်ဘီ မန်ဒဲလ် (Debbie Mandel) ကပဲ ဆိုထားပြန်ပါတယ်။ မိမိအိမ်ထောင်ဖက် အမျိုးသမီးရဲ့ အိမ်မှုတာဝန်တွေ ကူညီလုပ်ဆောင်ပေးခြင်းဟာ သူမကို တန်ဖိုးထားတယ်လို့ ယုံကြည်မှု ကို ရစေပြီး သူမရဲ့ အိပ်ယာထက်က အကောင်းဆုံး တုံ့ပြန်မှုကို ပြန်လည် ရရှိနိုင်မှာပါတဲ့။
၄။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
တနေ့ကို ၁၅ မိနစ် ကိုယ်လက်လှုပ်ရှားတာ ကလဲ လိင်ကိစ္စကို တိုးတက်စေပြီး ကိုယ်ခန္ဓာကို ပိုမိုဆွဲဆောင်မှု အားကောင်းစေနိုင်ပါတယ်။ ဒါအပြင် ပုံမှန် လေ့ကျင်ခန်း လုပ်ခြင်း အားဟာ သွေးလည်ပတ်မှုကို အားကောင်းစေပြီး လိင်တံထောင်မတ်စေတဲ့ အရေးကြီးတဲ့ အချက် နဲ့လဲ ဆက်စပ်နေပါသေးတယ် လို့ မတ်သယူး အန် ဆင်မွန်းစ် (Matthew N. Simmons , MD, PhD, ကလီးဗ်လန်ဒ် (Cleveland ) ရှိ ဂလစ်မန် (Glickman) ဆီး နှင့် ကျောက်ကပ် တက္ကသိုလ်) က ဆိုပါတယ်။
၅။ အားကစား အလွန်အကံျွ လုပ်ဆောင်ခြင်းကို ရှောင်ကြည်ပါ
ပုံမှန်ှ ကိုယ်လက်လှုပ်ရှားခြင်း ဟာ လိင်ကိစ္စကို တိုးတက်စေပေမယ့် အလွန်အကံျွ လုပ်ဆောင်ခြင်းက ဆန့်ကျင်ဖက် ဆိုးကျိုး ကို ဖြစ်စေပါတယ်။ အားကစား အလွန်အကံျွ လုပ်ဆောင်ခြင်းဟာ ကိုယ်ခန္ဓာ နုံးချိ အားအင်ကုန်ခမ်းစေသလို အိပ်စက်ခြင်း အချိန်နာရီ ကိုလဲ ထိခိုက်စေပြီး လိင်စိတ်ကို လျော့ကျစေ ပါတယ်လို့ဆိုတယ်။ ပီတာ မဂ်ကော (Peter McCall, MS, ကာယ ပညာရှင်)
၆။ အတူတကွ ကာယ လေ့ကျင့်ခန်း လုပ်ဆောင်ပါ
မိမိလက်တွေ့ဖော် ချစ်သူနဲ့အတူ ကာယလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးခြင်းဟာလဲ တဦးနဲ့တဦး ပိုမိုဆွဲဆောင်မှု အားကောင်းစေပြီး လိင်စိတ်ကို လှုံ့ဆော်ပေးတဲ့ အင်ဒိုဖင်စ် ကို လည်း ထွက်စေတယ် လို့ ဒက်ဘီ မန်ဒဲလ် (Debbie Mandel) ကပြောထားပါတယ်။
၇။ ခေတ္တဆိုင်းငံ့ထား
ယုံချင်ယုံ မယုံချင်နေ မိမိဆက်ဆံဖော်နဲ့ လိင်ဆက်ဆံမှု ၂ ရက် တပတ် ခေတ္တ ဆိုင်းငံ့ထားခြင်း ဟာ နောက်တကြိမ် ဆက်ဆံတဲ့ အခါ ပိုပြီး စိတ်လှုပ်ရှားကျေနပ်မှု ကို ပေးစွမ်း နိုင်ပါသေးသတဲ့ လို့ ဒက်ဘီ မန်ဒဲလ် (Debbie Mandel) ကပဲ အဆိုပြုထား ပြန်ပါတယ်။
၈။ အချိန် သတ်မှတ်ထားခြင်း
ဒီနည်းကတော့ အလုပ်များတဲ့ အိမ်ထောင်ရှင်တွေနဲ့ သားသမီးများတဲ့ အိမ်ထောင်ရှင်တွေ အတွက် သင့်တော်တဲ့ နည်းလမ်းကောင်းလေးပါ။ လိင်ဆက်ဆံဖို့ အချိန်ပြင်ဆင် သတ်မှတ်ထားခြင်း အားဖြင့် ပင်ပန်းခြင်းကြောင့် သော်လည်းကောင်း အချိန်မရခြင်းကြောင့် သော်လည်းကောင်း ဆက်ဆံမှု လျော့ကျခြင်းကို ရှောင်ရှားနိုင်ပြီး မိမိ ဇနီးသည်ကိုလဲ စိတ်ကျေနပ်မှု အပြည့် ပေးနိုင်ပါလိမ့်မယ် လို့ မတ်သယူး အန် ဆင်မွန်းစ် (Matthew N. Simmons, MD, PhD) က အကြံပေးပါတယ်။
၉။ နည်းပညာကို အသုံးချပါ
အလုပ်ထဲ ရုံးထဲ ရောက်နေရလို့ သင့်ချစ်ရတဲ့သူ နဲ့ ဝေးနေရရင်လဲ စိတ်ပျက်မနေပဲ နည်းပညာကို အသုံးချလို့ရပါတယ်။ တနေ့လုံး သင့်လက်တွဲဖော် ဆက်ဆံဖက်ကို စိတ်လှုပ်ရှားစေမယ့် ဖုန်း message ဒါမှမဟုတ် အီးမေးလ် အပြန်အလှန် ပို့ပေးခြင်းအားဖြင့် ထိုညအတွက် အကောင်းဆုံးညကို ကြိုပြင်ဆင်ထား နိုင်တယ်လို့ ဒက်ဘီ မန်ဒဲလ် (Debbie Mandel) က အကြံပြုထားပါတယ်။
၁၀။ လက်တွဲဖော်၏် အလှကို ချီးမွမ်းပြောဆိုပါ
ပိုမိုကောင်းမွန်တဲ့ဆက်ဆံမှု လိုချင်ရင်တော့ သူမရဲ့ အလှဆုံးနေရာကို ရှာဖွေချီးမွမ်းပေးပါ လို့ ဒက်ဘီ မန်ဒဲလ် (Debbie Mandel) ကပဲ ဆက်လက်ပြီး အကြံပြုထားပါသေးတယ်။
၁၁။ သက်တောင့်သက်သာ ဖြစ်ရန်အရေးကြီး
အမျိုးသားတွေအနေနဲ့ မြန်မြန်ဆန်ဆန် လိင်စိတ်နိုးကြွ နိုင်ပေမယ့် အမျိုးသမီးတွေကတော မတူပါဘူး။ အမျိုးသမီးတွေ့အနေနဲ့ သက်သောင့်သက်သက် ဖြစ်ဖို့ လိိုအပ်ပါတယ်။ ဒါကြောင့် မစတင်မီ သူတို့ရဲ့ ဦးခေါင်းကို ဒါမှမဟုတ်ရင် ပခုံးတို့ကို နှိပ်နယ်ပေးပြီး သက်သောင့်သက်သာ ဖြစ်စေဖို့ ဖန်တီးပေးရပါမယ်။ ဒက်ဘီ မန်ဒဲလ် (Debbie Mandel)
၁၂။ အကြို နှိုးဆွမှု့ Foreplay
အိမ်ထောင် ချစ်သက်တမ်း ဘယ်လောက်ပဲ ကြာခဲ့ပါစေ အကြိုနှိုးဆွမှ foreplay ဟာ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှု အထွက်အထိပ် ရောက်ခြင်း ရဲ့အဓိက နေရာက ပါဝင်နေဆဲပါ။ အကြိုနှိုးဆွမှု့ foreplay မှန်ကန်စွာလုပ်ဆောင်ပေးခြင်းဟာ အမျိုးသမီး တွေရဲ့ ခံစားမှု့အတွေ့အာရုံကို မြင့်တက်စေပြီး အထွက်အထိပ် ပြီးမြောက်မှု့ ရောက်စေဖို့ အထောက်အကူ ပေးပါတယ်။ မတ်သယူး အန် ဆင်မွန်းစ် (Matthew N. Simmons, MD, PhD)
၁၃။ အမျိုးသမီးနေရာက တွေးကြည့်ပါ
twodaymag.com ရဲ့ စာရေးဆရာ အယ်ဒီတာ နှင့် ထူထောင်သူတဦးလဲဖြစ်တဲ့ နာတာလီ ဘန်ချီဗန်ဂါး (Natalie Benchivenga) ရဲ့ အကြံပြုချက်က စိတ်ဝင်စားစရာပါ။ သူ့အဆိုအရ တခါတလေတော့ အမျိုးသမီးနေရာ ကနေ တွေးပေးဖို့ လိုအပ်လာပါတယ် တဲ့။ တချို့အရေးမကြီးဘူး လို့ ထင်တဲ့ သူမ လည်ပင်းနေရာ ခြေထောက် ပေါင်တွင်းသား နေရာတို့ကို လှုံ့ဆော်ပေးပါက မယုံကြည်နိုင်စရာ ကောင်းမွန်တဲ့ တုံ့ပြန်မှု ကို ရမှာဖြစ်ပါတယ်လို့ ဆိုတယ်။
၁၄။ သူမ ကို ဦးဆောင်စေပါ
လိုင်စင်ရ အကြံပေး ဂျိုင့်စ် မော်လီ (Joyce Morley, EdD) ကတော့ အိပ်ယာထဲမှာ အများအားဖြင့် အမျိုးသားများကသာ ဦးဆောင်လေ့ရှိပေမယ့် တခါတလေတော့ အမျိုးသမီးများ ကိုလဲ လိင်လှုံ့ဆော်မှု အပိုင်း တွေမှာ ဦးဆောင်စေသင့်တယ်လို့ အကြံပြုထားပါတယ်။
၁၅။ ချောဆီကို အသုံးပြုပါ
စိတ်ပင်ပန်းမှုကြောင့် သော်လည်းကောင်း ကိုယ်ခန္ဓာ နုံးချိလို့ သော်လည်းကောင်း အမျိုးသမီးများ အနေဖြင့် လိင်စိတ်တက်ကြွမှု လျော့နည်းပြီး လိင်ဆက်ဆံမှု ပြုရန်အတွက် လိုအပ်သော အရည် ထုတ်ပေးရန် ခက်ခဲတတ်ပါတယ်။ ထိုအခါများမှာ လိင်ဆက်ဆံရန် အတွက် သီးသန့် ထုတ်လုပ်ထားသော ချောဆီများကို အသုံးပြုပေးသင့်ပါတယ် လို့ နာတာလီ ဘန်ချီဗန်ဂါး (Natalie Benchivenga) က ကြံပေးထားပါတယ်။
၁၆။ အပြောင်းအလဲပြုလုပ်ပေးခြင်း
တခါလာလဲ ဒီပုံစံ နှစ်ခါလာလဲ ဒီပုံစံ ရိုးအီစရာ လို့ခံစားလာရပြီ ဆိုရင်တော့ဖြင့် အသစ်အဆန်း အပြောင်းအလဲလေးတွေ ဖြည့်စွက်ဖို့ လိုအပ်လာပြီပေါ့။ မတ်သယူး အန် ဆင်မွန်းစ် (Matthew N. Simmons, MD, PhD) ကတော့ တဦးနဲ့တဦး ပွင့်ပွင့်လင်းလင်း တိုင်ပင်ရင်း စိတ်လှုပ်ရှားစေမယ့် အဝတ်အစား လိင်အထောက်အကူပြု ပစ္စည်း လိင်ဆက်ဆံတဲ့ ပုံစံအသစ် စတဲ့ မိမိ တီထွင်စွမ်း ရှိရင်ရှိသလို လုပ်ဆောင်ပေးခြင်းဟာလဲ လိင်စိတ်ကို တက်ကြွ စေရန် အထောက်အကူပြု နိုင်ပါသေးတယ်တဲ့။
၁၇။ နေရာဒေသပြောင်းလဲပေး
နေရာဒေသအသစ် ပြောင်းလဲပေးခြင်း ရက်တိုခရီး သွားရောက်လည်ပတ်ခြင်း ဟာလဲ ငြီးငွေ့ရိုးအီမှု ကို ပပျောက်စေပြီး ပါတ်ဝန်းကျင်အသစ်မှာ နှစ်ဦးလုံးအတွက် စိတ်ခံစားမှု အသစ်ရစေမှာပါ လို့ ဒက်ဘီ မန်ဒဲလ် (Debbie Mandel) က အကြံတမျိုး ပေးထားပါသေးတယ်။
၁၈။ ချစ်ခြင်း သံဝါသ
ဂျိုင့်စ်မော်လီ (Joyce Morley, EdD) က သာမန် လိင်ဆက်ဆံရုံမျိုး မဟုတ်ပဲ မိမိဆက်ဆံဖက်နှင့် ချစ်ခြင်းသံဝါသပြုခြင်း ဟာလဲ ငြီးငွေ့ရိုးအီမှု ကို ပပျောက်စေပြီး ချစ်ခြင်း မေတ္တာ ပိုမိုခိုင်မြဲစေပါတယ်တဲ့။
၁၉။ နေ့စဉ်ကြင်နာစွာထိတွေ့ပါ
ဂျိုင့်စ်မော်လီ (Joyce Morley, EdD) ကပဲ သင် လိင်ဆက်ဆံနေချိန် မဟုတ်ရင်တောင် သင့်ဆက်ဆံဖက် ကိုနေ့စဉ် ကြင်နာစွာ ထိတွေ့ပြုမူ ပေးခြင်း ဟာလဲ အရေးကြီးပါတယ် လို့ဆိုတယ်။
၂၀။ အနာတရ ဂရုပြု
လိင်ဆက်ဆံမှု အရေးကြီးတဲ့ လိင်တံ ကိုလည်း ဂရုစိုက်ပေးရပါမယ်။ လိင်တံ အနာတရ ဖြစ်မှု့ဟာ ဆက်ဆံဖက်မှ အပေါ်မှ နေ၍ ဆက်ဆံချိန်နှင့် ထိုးသွင်းမှု လွဲချော်ချိန် တွေမှာ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် ထိခိုက်မှု ဒဏ်ရာ တစုံတခု ကြုံတွေ့ရပါက ကျွမ်းကျင်သူ တို့ နဲ့ အမြန်ဆုံး ဆွေးဆွေးတိုင်ပင် ကုသမှု ခံယူသင့် ပါကြောင်း မတ်သယူး အန် ဆင်မွန်းစ် (Matthew N. Simmons , MD, PhD) က အထူး မှာကြား ထားပါတယ်။